Events
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် Korea Import Fair-KIF 2024 ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-05-09 16:13:58

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အစည်းအဝေးနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center – COEX)တွင် ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၄ (Korea Import Fair – KIF 2024)ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။
အဆိုပါပြပွဲကို ကိုရီးယားနိုင်ငံ သွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association – KOIMA) ကကြီးမှူး၍ နှစ်စဉ် ကျင်းပလျက်ရှိပါကြောင်း၊ KIF 2024 ကို ကျင်းပရ သည့်ရည်ရွယ်ချက်မှာ ပြည်ပနိုင်ငံများမှထုတ်ကုန်များကို ကိုရီးယားနိုင်ငံရှိ သွင်းကုန်တင်သွင်းသူ များနှင့် Korea Importers Association – KOIMA အဖွဲ့ဝင်ကုမ္ပဏီများအား မိတ်ဆက်ပေးရန် ဖြစ်ပါသည်။
KIF 2024 သည် ၂၁ ကြိမ်မြောက်ပွဲဖြစ်ပြီး အဆိုပါပြပွဲကို ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၏ကုန်ကျစရိတ်ဖြင့် ကျင်းပပေး သွားမည်ဖြစ်ပါကြောင်း၊ KIF ပြပွဲ များသည် ပြည်ပထွက်ကုန်များကို တစ်နေရာတည်းတွင်ပြသနိုင်သည့် တစ်ခုတည်းသောပြပွဲ ဖြစ်သည့်အတွက် နိုင်ငံတွင်းရှိ သွင်းကုန်လုပ်ငန်းရှင်များကိုသာမက ပြည်သူများ၏ စိတ်ဝင်စားမှု ကိုပါ ဆွဲဆောင်နိုင်သည့် ပြပွဲတစ်ခုဖြစ်ပါသည်။
ပြပွဲကာလအတွင်း ဆွေးနွေးပွဲများနှင့် B2B ဆွေးနွေးပွဲများကိုပါ ကျင်းပသွား မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှပို့ကုန်ပစ္စည်းများ ကိုရီးယားဈေးကွက် အတွင်းဝင်ရောက်နိုင်ရန် လာရောက်ပြသစေလိုပါကြောင်း၊Korea Import Fair (KIF 2024) တွင် ပြခန်းတစ်ခန်းလျှင် ၉ (၃ မီတာ x ၃ မီတာ)စတုရန်းမီတာအကျယ်အဝန်းရှိပြီး အမေရိကန်ဒေါ်လာ ၂၄၀၀ ကျသင့် မည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံအခြေစိုက်သံရုံးတစ်ရုံးလျှင် ပြခန်းတစ်ခန်းကို အခမဲ့ဖြင့်ပါဝင်ပြသခွင့်ပြုမည်ဖြစ်ပြီး ပြခန်းတစ်ခန်းထက် ပိုမိုဝယ်ယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာသံရုံး(ဆိုးလ်မြို့)မှတစ်ဆင့် ပေးပို့လျှောက်ထား ပါက ပြခန်းတစ်ခန်းစီတိုင်းအတွက် ၂၀ % လျှော့ဈေး (Discount)ပေးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသည်များရှိပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ၊ Email: [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
Event Details
- Date
- 4th to 6th July 2024
- Location
- တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့
- Website
- www.myantrade.gov.mm
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025